Saturday, January 1, 2011

“ သာယာဝတီထောင် လက်ပါးနဲ့ အရူးတိုက်” လန်ထောင်စပ်စုလေး

 “ သာယာဝတီထောင် လက်ပါးနဲ့ အရူးတိုက်”

ရေးသားသူ လန်ထောင်စပ်စုလေး

စပ်စု ၈၉-စက်တင်ဘာမှာ ပုဒ်မ-၅ညနဲ့ ၅-ဆောင်၊ ၂-ခန်းကိုရောက်တော့ နိုင်ငံရေးအကျဉ်းသားတွေ တထောကြီးရှိနေတာ တွေ့ရတယ်။ ၈၈-နောက်ပိုင်း ပထမဦးဆုံး နိုင်ငံရေးအကျဉ်းသားတွေပေါ့။ လူတန်းစားပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် အစုံပါဘဲ။ အသက် ၁၆နှစ် ကနေ ၂၅နှစ်ကြား ကျောင်းသားလူငယ်တွေကတော့ အများဆုံးဘဲပေါ့။ ထောင်ကျနေကြတာကို အသာထားပြီး အားလုံးလိုလို စားသောက် နောက်ပြောင်ဆော့ကစားလို့ ဆွေးနွေးတိုင်ပင် အမြင်ချင်း ဖလှယ်နဲ့ ပျော်ပွဲစားထွက်လာကြသလိုပါဘဲ။ ယောက်ျားတွေချည်းဘဲ ရှိတဲ့နေရာဆိုတော့ ဖုံးဖုံးလွှမ်းလွှမ်း အမြဲမနေ၊ အရှက်အကြောက်နည်းသူတွေလဲ အနည်းအကျဉ်းပါတာပေါ့။