Monday, May 3, 2010

ဧရာဝတီတိုင်းကိုလေလံတင်ခြင်း

ဧရာဝတီတိုင်းကိုလေလံတင်ခြင်း http://www.hittai.net/ရှုထောင့်သစ်

လန်ထောင်စပ်စုလေး

+ ဧရာဝတီတိုင်းကို ဈေးပြိုင်စံနစ်နဲ့ လေလံတင်ဖို့
၂၀၀၈-အစစ်အမှန်ဆန္ဒခံယူပွဲမှာ
၉၂ ဒသမ ၄၈ ရာခိုင်နှုန်းနဲ့
ဧရာဝတီတိုင်းသားတွေ အနိုင်ရသွားတယ်….။

+ အနှစ် ၁၀၀၊ သို့မဟုတ် အနှစ် ၅၀၊
သို့မဟုတ် အနှစ် ၃၀၊ သို့မဟုတ် အနှစ် ၂၀၊
နှစ်ရှည် စာချုပ်နဲ့ အငှားချမှာမို့
ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေ အလုအယက်ဘဲ။
+ ဧရာဝတီတိုင်းသားတွေက
အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ….၊နိုင်ငံတွေကို
ကြိုက်ကြပေမဲ့ စိတ်ခုနေကြတယ်…..။
သင်္ဘောတွေ အနားရောက်ပြီးကာမှ ပြန်လှည့်သွားကြလို့တဲ့။
+ တရုပ် အိန္ဒိယ Asean တွေ လေလံဆွဲခွင့်မရှိဆိုတော့….
ကျွန်တော့အထင် ဂျပန်တွေ ရသွားမလားဘဲ….။
ပေးလိုက်ပါ…၊ နောက် ၁၀-နှစ် ၁၅-နှစ်
သိပ်မဝေးတော့တဲ့နှစ်တွေအတွင်းမှာ
ဂျပန်တနိုင်ငံလုံး မပြောကောင်း မဆိုကောင်း
ရေအောက်မြုပ်သွားမှဖြင့်…။
ပြောင်းဖို့ရွှေ့ဖို့နေရာရတာပေါ့……။
+ ကျွန်တော့်ကဗျာမှာ နအဖ အကြောင်း
ရွေးကောက်ပွဲအကြောင်း မကောင်းပြောတာ
တလုံးမှ မပါဘူးနော်….။ အဟုတ်…..။
+ ဒီလေလံပွဲအစီအစဉ်သာ အောင်မြင်သွားရင်
ဧရာဝတီတိုင်းသားတွေ အဆိုးထဲက အကောင်း
“လွတ်လပ်ရေး”ရသွားတာဘဲတဲ့…။
ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ကယား၊ မွန်၊ ၀…
စတဲ့ တိုင်းရင်းသားအားလုံးက ပြောနေကြတယ်…။
+ ဟဲဟဲ…။ ရခိုင်နဲ့မွန်တွေလဲ မထူးပါဘူးဆိုပြီး
သူတို့ပြည်နယ်ကိုလေလံတင်ဖို့
သန့်ရှင်းမျှတတဲ့ ဆန္ဒခံယူပွဲ မကြာခင်လုပ်မယ်တဲ့။
၂၀၁၀- ရွေးကောက်ပွဲ မတိုင်ခင်တရက်ဆိုလားဘဲ…။
ရခိုင်က ဒုတိယ ဟောင်ကောင်၊ မွန်က ဒုတိယ မကာအို
ဖြစ်စေရမယ်တဲ့၊ နှစ် ၁၀၀ စာချုပ်တောင်ဆိုတော့
မများလွန်းဘူးလား……?????။
ဒါကြောင့်ထင်တယ်…၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဟောင်ကောင်၊ မကာအို၊
ရှန်ဟိုင်းနဲ့ ထိုင်ဝမ်းတို့မှာ အိမ်ဈေးတွေကျကုန်ပြီ။
+ ကျွန်တော့်ကဗျာမှာ နအဖ အကြောင်း
ရွေးကောက်ပွဲအကြောင်း မကောင်းပြောတာ
တလုံးမှ မပါဘူးနော်….။ အဟုတ်…..။
လန်ထောင်စပ်စုလေး( 15-04-2010)

(မှတ်ချက်။ ။ နိုင်ငံရေးအကျဉ်းသားဟောင်း၊ Prospect Burma (New Delhi) အငြိမ်းစား ကျောင်းအုပ်ကြီး စပ်စုလေးသည် န၀တ ၏ သာယာဝတီထောင် “လက်ပါးနှင့်အရူးတိုက်”
တွင်နှစ်နှင့်ချီနေခဲ့ရဘူးသူဖြစ်သည်။ သူ့ကဗျာမှာ မှားတာရှိရင်ခွင့်လွှတ်လိုက်ကြပါ။)

No comments:

Post a Comment