Tuesday, November 30, 2010

Easy English with Poems and Tables ကဗျာဇယားကျက်ပါ အင်္ဂလိပ်စာစကား မခက်ပါ" ebook

"Easy English with Poems and Tables" E-book"
 ကဗျာဇယားကျက်ပါ အင်္ဂလိပ်စာစကား မခက်ပါ" ebook 
http://www.mediafire.com/?tcw7ij5bthee4ks

Tuesday, November 23, 2010

ကမ္ဘာတလွှားမြန်မာစာကြည့်တိုက်များနှင့် စာအုပ်စုစာဖတ်သူများအတွက်သတင်းကောင်း

ကမ္ဘာတလွှားမြန်မာစာကြည့်တိုက်များနှင့် စာအုပ်စုစာဖတ်သူများအတွက်သတင်းကောင်း

Samyak Prakashan(New Delhi) နှင့် Lanhtong Publications(လန်ထောင်စာပေ)တို့မှ အောက်ပါစာအုပ်များကိုရောင်းချပေးမည်။
 
၁။ တာတေစနေသား(ဦးနု) တစ်အုပ် Rs. 400 (အုပ်ရေ ၅၀သာ-ဦးရာလူ)။
 
 
၂။ ငါးနှစ်ရာသီ ဗမာပြည်(၀န်ကြီးချုပ်ဦးနု) တစ်အုပ် Rs. 350 (အုပ်ရေ ၅၀သာ-ဦးရာလူ)။
 
၃။ သုတေသနသရုပ်ပြအဘိဓာန်(၂၀၁၀)၊ ဖျာပုံတိုက်သစ်ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ.............တအုပ် Rs. 600
 
၎။ အကြမ်းမဖက်မှုနှင့်မေတ္တာတရားတို့အပေါ် မဟတ္တမာဂန္ဓီနှင့်
ဘုန်းတော်ကြီးဒလိုင်းလားမားတို့၏အမြင် (ပ)(ဒု) ......မြန်မာဘာသာပြန် ဦးရမ်းဂျီးဘားမား....တအုပ် Rs. 200 စီ။

Tuesday, July 13, 2010

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းပါစေ(ကဗျာသီချင်း)

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းပါစေ
(ကဗျာသီချင်း)

လန်ထောင်စပ်စုလေး

+ လူတိုင်းကိုယ်စီ ကြောက်ရွံ့ခြင်းမှ
အမြန်လွတ်ကင်းကြပါစေ….။
+ အဂတိ ၄-ဖြာ မလိုက်စားကြဘဲ
မဖေါက်မပြား ကျင့်ကြံနေ…။
+ လိုချင် `ဆန္ဒ´၊ ရန် `ဒေါသ´ နဲ့
`မောဟ´ ပိတ်ဖုံး မသိတာတွေ…။
+ အဆိုးဆုံး `ဘယာ´ ကြောက်ရွံ့မှုကြောင့်
နောက်တွန့် နစ်မွန်းနေ…၊
အဲ့ဒါကြောင့် ရဲရင့်စိတ်များ ထားဘို့လိုပါသလေ….။

Thursday, June 10, 2010

အင်းစိန်ထောင်ကိုဝိုင်းခဲ့ကြစဉ်က (အလုပ်သမားအရေးအခင်း အမှတ်တရ)

အင်းစိန်ထောင်ကိုဝိုင်းခဲ့ကြစဉ်က
(အလုပ်သမားအရေးအခင်း အမှတ်တရ)
ဟစ်တိုင် အမှတ်တရကဏ္ဍ 
လန်ထောင်စပ်စုလေး

+ ၂၀၁၀ ကနေပြန်ကြည့်လိုက်တော့
၁၉၇၄-၇၅ အလုပ်သမားအရေးအခင်းတွေ….၊
မြေပေါ်တစစီ ကြွေကျ နီနီရဲရဲ စိန်ပန်းပွင့်များ….၊
အလိုလိုပြန်ဆက် အပင်ပေါ် ပြန်ရောက်ပြီး
အနီရောင်လိမ်း လေယူရာတိမ်း
ယိမ်းက, နေတုံးပါဘဲလား……..။

Friday, May 14, 2010

လီကွမ်ယူးနှင့်မာကြောက်ကစားခြင်း

“ လီကွမ်ယူးနှင့်မာကြောက်ကစားခြင်း ”
ဟစ်တိုင် သူ့အတွေးအမြင်
--လန်ထောင်စပ်စုလေး

(အခန်း-၁)
+ စင်္ကာပူမှာ ၀န်ကြီးချုပ်မဖြစ်ခင် ဟိုးတချိန်က
လီကွမ်ယူး(Lee Kuan Yew)ဟာ မြန်မာပြည်ရန်ကုန်မြို့မှာ
`မာကြောက် Mahjong´ကစားဘူးခဲ့တယ်….။
သူချည်းဘဲ နိုင်တယ်ဆိုဘဲ…….။

Friday, May 7, 2010

နွေဦးရောက်ပြီ မြန်မာပြည်

နွေဦးရောက်ပြီ မြန်မာပြည်http://drlunswe.blogspot.com/ကဗျာ
လန်ထောင်စပ်စုလေး

“ဟေ့ ... ဘယ်နှစ်နွေတောင် ငါဗလာချည် ငေးနေရဦးမှာလဲ
လွတ်လပ်ရေးနဲ့ ဒီမိုကရေစီပန်းတွေ ပွင့်ဖို့ ...။

အမိမြေကို ရက်ရက်စက်စက် နင်းချေနေတဲ့ ဒီစစ်ဖိနပ်တွေအောက်
ငါ့ခန္ဓာကို ငါ ကြာရှည်ထိန်းမထားနိုင်တော့ဘူး …။

Wednesday, May 5, 2010

နာဂစ်အလွန် ၂၀၁၀- ဦးကြည်မောင်၏ သရက်သီးများ

နာဂစ်အလွန် ၂၀၁၀- ဦးကြည်မောင်၏ သရက်သီးများဟစ်တိုင်-ရှုထောင့်သစ်

လန်ထောင်စပ်စုလေး

+ လွန်ခဲ့တဲ့ ၁၉-နှစ်၊ ၁၉၉၁ လောက်က
အန်ကယ်ကြီးဦးကြည်မောင်က အင်းစိန်ထောင် အထူးတိုက်မှာ..၊
စပ်စုတို့က ၄-ဆောင်မှာ……။
အထူးတိုက်နဲ့ ၄-ဆောင်နဲ့က ၁၅-ပေမြင့်တဲ့ အုတ်တံတိုင်းကြီးဘဲ ခြားတယ်….။

Tuesday, May 4, 2010

ပလုံမြည်သံများ

http://burmatoday.net/poemပလုံမြည်သံများ

လန်ထောင်စပ်စုလေး

(၁)
+ “ ရေအိုင်ကြီးတအိုင်
ဖါးတကောင်ခုန်ချ
ပလုံမြည်သံကြားရ” သတဲ့…..
ဟိုက္ကူတပုဒ်………။

Monday, May 3, 2010

ဧရာဝတီတိုင်းကိုလေလံတင်ခြင်း

ဧရာဝတီတိုင်းကိုလေလံတင်ခြင်း http://www.hittai.net/ရှုထောင့်သစ်

လန်ထောင်စပ်စုလေး

+ ဧရာဝတီတိုင်းကို ဈေးပြိုင်စံနစ်နဲ့ လေလံတင်ဖို့
၂၀၀၈-အစစ်အမှန်ဆန္ဒခံယူပွဲမှာ
၉၂ ဒသမ ၄၈ ရာခိုင်နှုန်းနဲ့
ဧရာဝတီတိုင်းသားတွေ အနိုင်ရသွားတယ်….။

Sunday, April 25, 2010

လူသေလူဖြစ်


လန်ထောင်စပ်စုလေး

+ ဟိုရှေးတခါက ရန်ကုန်ဆေးရုံကြီးမှာ
ဆရာဦးသိန်းဖေမြင့်ရယ်…၊ ရှင်ဥက္ကဋ္ဌကြီးရယ်…၊
လူနာကုတင်ချင်းကပ်ရာက ဖြစ်ပေါ်လာတဲ့
လူသေလူဖြစ်…….။
+ “လူသေရင် လူဖြစ်တာထားပါတော့….၊

ဘုရားသခင်ကတို့ကိုပစ်ထားတာကြာပြီ

ဘုရားသခင်ကတို့ကိုပစ်ထားတာကြာပြီhttp://www.hittai.net/ ရှုထောင့်သစ်

လန်ထောင်စပ်စုလေး

+ “ ဘုရားသခင်က တို့ကိုပစ်ထားတာကြာလှပြီ” လို့
အဖွား ထားထား(Tha Tha) ကပြောလိုက်တော့
ကျောင်းဆရာရဲ့စိတ်တွေ ၁၉၇၄- အလုပ်သမားအရေးအခင်းကနေ
စကားဝိုင်းထဲ ပြန်ရောက်လာတယ်……။
နေရာက ချင်းပြည်နယ် တနေရာ…..၊
အသက် ၈၀-ကျော်အရွယ် အဖွားထားထားရယ်….၊
သူရဘွဲ့ သူရဲကောင်းဘွဲ့တွေအထပ်ထပ်ရဘူးတဲ့ အဖိုး“ဗျန်” ရယ်…၊
ချင်းတပ်မှာ တပ်ကြပ်ကြီးအဆင့်အထိ အမှုထမ်းဘူးတဲ့ အဖိုး “အောင်လျန်” ရယ်…။
အသက် ၅၀-ကျော် ကျောင်းဆရာ ဦးဖြူဖွေး ရယ်…..။
မီးလှုံရင်း ရေနွေးကြမ်း ပူပူလောင်လောင်တွေသောက်ရင်း
စကားဝိုင်းဖွဲ့နေကြတာပါ…။

ပလတ်စတစ်လေမှုတ် အရုပ်မလေးများ

ပလတ်စတစ်လေမှုတ် အရုပ်မလေးများ http://drlunswe.blogspot.com/သရော်စာ

လန်ထောင်စပ်စုလေး


+ တရုပ်ပြည်သူ့တပ်မတော်က
နအဖ တပ်မတော်ကို
စစ်လက်နက်ပစ္စည်း
အဟောင်း မကောင်းတွေ ရောင်းတဲ့အထဲမှာ…
ထူးခြားတာ တခုပါလာတယ်……၊
ဒါကတော့….
ပလတ်စတစ်လေမှုတ် အရုပ်မလေးတွေဘဲ……။

ကဘော်ချိုင့်ဝှမ်းပြန်ယူ...နီကိုဗာကျွန်းပြန်ပေး

ကဘော်ချိုင့်ဝှမ်းပြန်ယူ...နီကိုဗာကျွန်းပြန်ပေးhttp://www.hittai.net/ရှုထောင့်သစ်
လန်ထောင်စပ်စုလေး
+ နေရာက နိမ္မာရသတီနတ်ပြည် တနေရာ…….၊
နေရူးဟာ ပုတီးစိပ်နေတဲ့ ဦးနုနားကပ်လာတယ်…..။
ဦးနုနားဝင်ထိုင်ပြီး……..
“ရာဘင်တရာနတ်တဂိုးနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း
လူ့ပြည်က Great Disruption မဟာပြိုကွဲမှုအယူအဆတွေ
ဦးသန့်တို့နဲ့ စကားစစ်ထိုးနေတာ
ငါနားမလည်တာနဲ့ ပြန်လာခဲ့တာ---”လို့တိုးတိုးပြောတယ်။