Sunday, April 25, 2010

လူသေလူဖြစ်


လန်ထောင်စပ်စုလေး

+ ဟိုရှေးတခါက ရန်ကုန်ဆေးရုံကြီးမှာ
ဆရာဦးသိန်းဖေမြင့်ရယ်…၊ ရှင်ဥက္ကဋ္ဌကြီးရယ်…၊
လူနာကုတင်ချင်းကပ်ရာက ဖြစ်ပေါ်လာတဲ့
လူသေလူဖြစ်…….။
+ “လူသေရင် လူဖြစ်တာထားပါတော့….၊

တိရစ္ဆာန်သေရင်ကော ဘာဖြစ်မှာလဲ ကိုယ်တော်”လို့
သူငယ်ချင်းအရင်းကြီး ဖျာပုံဆရာတော်က ပြန်မေးတော့
ရှင်ဥက္ကဋ္ဌကြီး ဘာမှပြန်မဖြေခဲ့ဘူးဆိုဘဲ…..၊
ဖျာပုံတိုက်သစ်ဆရာတော်ကြီး မိန့်ကြားတာ
မှတ်သားခဲ့ရဘူးတယ်…..။
+ လူတွေသေရင် လူပြန်ဖြစ်မှာလား ???????
လူတွေသေရင် လူပြန်ဖြစ်မှာလား ???????
လူတွေသေရင် လူပြန်ဖြစ်မှာလား ???????
လူတွေသေရင် လူပြန်ဖြစ်မှာလား ???????....။
+ ငါတော့ ငါသေရင် ငါပြန်ဖြစ်ချင်တယ်…..။
ငါတော့ ငါသေရင် ငါပြန်ဖြစ်ချင်တယ်…..။
ငါတော့ ငါသေရင် ငါပြန်ဖြစ်ချင်တယ်…..။
ဒီလိုအဆင့်အတန်း ဒီလိုပညာ မတောက်တခေါက်
ဒီလိုအတွေးအခေါ်မျိုးနဲ့၊ ဒီဘ၀ ဒီယုံကြည်ကိုးကွယ်မှုနဲ့၊
ဒီမိသားစုမျိုးအတိုင်း၊ ဒီတိုင်းပြည် ဒီမြို့ဒီရွာမှာ….၊
ဒါမှမဟုတ်၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး
အပြည့်အ၀ရတဲ့ နိုင်ငံတနိုင်ငံမှာ…..။
+ “အင်းလေ….၊ မင်းလဲ…….၊ မင်းတို့လဲ…..၊
ငါတို့အားလုံးလဲ………၊
နိဗ္ဗာန်တွေ၊ ကောင်းကင်ဘုံတွေ အပထား
လူသေရင် လူပြန်ဖြစ်ချင်ကြမှာပါဘဲ……။
နော်….ဟုတ်တယ်ဟုတ်၊ မှန်မှန်ဖြေ….။”
+ ဘုရားသခင်ဟာ ကြွေအံမကစားဘူးတဲ့၊
ဒါ့အပြင် နောက်တီးနောက်တောက်ဖြစ်နိုင်စွမ်းတွေနဲ့၊
Fuzzy Maths တွေ၊ Game Theory တွေလဲ
သိဟန်မတူဘူးတဲ့……..။
ဒါပေမဲ့ သူ့ရဲ့ Universal Everybody Theory ကတော့
Evolution ရယ်…..၊ ၂၄-ပစ္စည်းရယ်…..၊
Incarnation ရယ်……ကို လိုက်နာဟန်တူတယ်….။
Time Limit လဲ ရှိဟန်မတူဘူး….။
Time Span က Unlimited ဘဲ…….။
မယုံဘူးလား……..။
+ ယုံတာ မယုံတာ အပထားလို့…..
တစုံတရာကြောင့် George W Bush ဟာ
နောက်ဘ၀မှာ…..
အီရတ်စစ်ပြေးဒုက္ခသည်ကလေးဘ၀ ရောက်ရရင်….။
ဆာဒန်ဟူစိန်ဟာ အန်ဂျလီနာ ဂျိုလီရဲ့
ဝမ်းဗိုက်ထဲ ၀င်စားနေပြီဆိုရင်…….။
ကျဆုံးသွားတဲ့ အစ္စရေးစစ်သားတွေက
ပါလက်စတိုင်းကလေးတွေဖြစ်….။
ပါလက်စတိုင်းတွေက
အစ္စရေး ကလေးတွေပြန်ဖြစ်….။
အစွန်းရောက်တွေက
တချို့ ဗာဒီကန်မှာဝင်စားပြီး ပုတီးစိပ်နေ…..။
တချို့ Boolywood မှာ ၀ိပဿနာ ဆရာဖြစ်၊
တချို့ ဟင်ဒီ ဆာဒူးကြီးဘ၀ရောက်
တချို့လဲ………၊ တချို့လဲ………..။
ဘ၀တွေ……၊ ဘာသာရေးတွေ……၊ လိင်တွေ…….၊
စသည်ဖြင့်…Order Pair လွဲနေကြရင်……။
တလွဲတချော်ဖြစ်ခြင်း ဥပမာများစွာရှိတယ်……။
တလွဲတချော်ဖြစ်ခြင်း ဥပမာများစွာရှိတယ်……။
ဟယ်…..ကြောက်စရာကြီးနော်…….။
+ လူသေလူဖြစ် စာရင်းထဲမှာ
န၀တ နအဖ ဗိုလ်ချုပ်ကြီးတွေနဲ့
အပေါင်း မကောင်းတွေ မပါဘူးတဲ့…။
ပါပါ မပါပါ သူတို့ထိုက်နဲ့သူတို့ကံ
သူတို့က ဒါတွေသိလိုက်တာမှ
သူတို့ဘာသာ ဗေဒင်တွက် ယတြာချေကြလိမ့်မယ်…..။
မင်းအပူ မပါဘူး…….။
+ မင်းပူရမှာက
ကဗျာဆရာသေ….၊ ကဗျဆရာပြန်ဖြစ်ဖို့၊
ယုံကြည်ကိုးကွယ်ရာ ဘာသာရေး
တလွဲတချော်မဖြစ်ဖို့၊
ဒီမိုကရေစီနဲ့လူ့အခွင့်အရေး
အပြည့်အ၀ရတဲ့နေရာမှာ ပြန်ဖြစ်ဖို့၊
လူကောင်းသူကောင်းအဖြစ်နဲ့နေ…..၊
လူကောင်းသူကောင်းအဖြစ်နဲ့သေ…..၊
လူကောင်းသူကောင်းပြန်ဖြစ်ဖို့…….။
ယောက်ျားစစ်စစ် သို့မဟုတ် မိန်းမစစ်စစ် ပြန်ဖြစ်ဖို့၊
ကရုဏာထားရမဲ့သူတွေကို
ကရုဏာအပြည့် လွတ်လွတ်လပ်လပ် ထားနိုင်ဖို့၊
လူသားအချင်းချင်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊
ဥပေက္ခာ ဗြဟ္မစိုရ်တရားတွေ ထားနိုင်ဖို့……။
အနည်းဆုံး လူသေရင်လူပြန်ဖြစ်ဖို့
………………………………………
………………………………………
………………………………………
အင်းဟုတ်ပြီ၊ ဒါဆို….၊
တို့အားလုံး ဘာလုပ်ကြရမှာလဲ?.....နာဂစ်ရယ်….။ ။
လန်ထောင်စပ်စုလေး( ၁၆-၄-၂၀၁၀)

No comments:

Post a Comment