Tuesday, July 13, 2010

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းပါစေ(ကဗျာသီချင်း)

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းပါစေ
(ကဗျာသီချင်း)

လန်ထောင်စပ်စုလေး

+ လူတိုင်းကိုယ်စီ ကြောက်ရွံ့ခြင်းမှ
အမြန်လွတ်ကင်းကြပါစေ….။
+ အဂတိ ၄-ဖြာ မလိုက်စားကြဘဲ
မဖေါက်မပြား ကျင့်ကြံနေ…။
+ လိုချင် `ဆန္ဒ´၊ ရန် `ဒေါသ´ နဲ့
`မောဟ´ ပိတ်ဖုံး မသိတာတွေ…။
+ အဆိုးဆုံး `ဘယာ´ ကြောက်ရွံ့မှုကြောင့်
နောက်တွန့် နစ်မွန်းနေ…၊
အဲ့ဒါကြောင့် ရဲရင့်စိတ်များ ထားဘို့လိုပါသလေ….။

Thursday, June 10, 2010

အင်းစိန်ထောင်ကိုဝိုင်းခဲ့ကြစဉ်က (အလုပ်သမားအရေးအခင်း အမှတ်တရ)

အင်းစိန်ထောင်ကိုဝိုင်းခဲ့ကြစဉ်က
(အလုပ်သမားအရေးအခင်း အမှတ်တရ)
ဟစ်တိုင် အမှတ်တရကဏ္ဍ 
လန်ထောင်စပ်စုလေး

+ ၂၀၁၀ ကနေပြန်ကြည့်လိုက်တော့
၁၉၇၄-၇၅ အလုပ်သမားအရေးအခင်းတွေ….၊
မြေပေါ်တစစီ ကြွေကျ နီနီရဲရဲ စိန်ပန်းပွင့်များ….၊
အလိုလိုပြန်ဆက် အပင်ပေါ် ပြန်ရောက်ပြီး
အနီရောင်လိမ်း လေယူရာတိမ်း
ယိမ်းက, နေတုံးပါဘဲလား……..။

Friday, May 14, 2010

လီကွမ်ယူးနှင့်မာကြောက်ကစားခြင်း

“ လီကွမ်ယူးနှင့်မာကြောက်ကစားခြင်း ”
ဟစ်တိုင် သူ့အတွေးအမြင်
--လန်ထောင်စပ်စုလေး

(အခန်း-၁)
+ စင်္ကာပူမှာ ၀န်ကြီးချုပ်မဖြစ်ခင် ဟိုးတချိန်က
လီကွမ်ယူး(Lee Kuan Yew)ဟာ မြန်မာပြည်ရန်ကုန်မြို့မှာ
`မာကြောက် Mahjong´ကစားဘူးခဲ့တယ်….။
သူချည်းဘဲ နိုင်တယ်ဆိုဘဲ…….။

Friday, May 7, 2010

နွေဦးရောက်ပြီ မြန်မာပြည်

နွေဦးရောက်ပြီ မြန်မာပြည်http://drlunswe.blogspot.com/ကဗျာ
လန်ထောင်စပ်စုလေး

“ဟေ့ ... ဘယ်နှစ်နွေတောင် ငါဗလာချည် ငေးနေရဦးမှာလဲ
လွတ်လပ်ရေးနဲ့ ဒီမိုကရေစီပန်းတွေ ပွင့်ဖို့ ...။

အမိမြေကို ရက်ရက်စက်စက် နင်းချေနေတဲ့ ဒီစစ်ဖိနပ်တွေအောက်
ငါ့ခန္ဓာကို ငါ ကြာရှည်ထိန်းမထားနိုင်တော့ဘူး …။

Wednesday, May 5, 2010

နာဂစ်အလွန် ၂၀၁၀- ဦးကြည်မောင်၏ သရက်သီးများ

နာဂစ်အလွန် ၂၀၁၀- ဦးကြည်မောင်၏ သရက်သီးများဟစ်တိုင်-ရှုထောင့်သစ်

လန်ထောင်စပ်စုလေး

+ လွန်ခဲ့တဲ့ ၁၉-နှစ်၊ ၁၉၉၁ လောက်က
အန်ကယ်ကြီးဦးကြည်မောင်က အင်းစိန်ထောင် အထူးတိုက်မှာ..၊
စပ်စုတို့က ၄-ဆောင်မှာ……။
အထူးတိုက်နဲ့ ၄-ဆောင်နဲ့က ၁၅-ပေမြင့်တဲ့ အုတ်တံတိုင်းကြီးဘဲ ခြားတယ်….။

Tuesday, May 4, 2010

ပလုံမြည်သံများ

http://burmatoday.net/poemပလုံမြည်သံများ

လန်ထောင်စပ်စုလေး

(၁)
+ “ ရေအိုင်ကြီးတအိုင်
ဖါးတကောင်ခုန်ချ
ပလုံမြည်သံကြားရ” သတဲ့…..
ဟိုက္ကူတပုဒ်………။