Sunday, April 25, 2010

ပလတ်စတစ်လေမှုတ် အရုပ်မလေးများ

ပလတ်စတစ်လေမှုတ် အရုပ်မလေးများ http://drlunswe.blogspot.com/သရော်စာ

လန်ထောင်စပ်စုလေး


+ တရုပ်ပြည်သူ့တပ်မတော်က
နအဖ တပ်မတော်ကို
စစ်လက်နက်ပစ္စည်း
အဟောင်း မကောင်းတွေ ရောင်းတဲ့အထဲမှာ…
ထူးခြားတာ တခုပါလာတယ်……၊
ဒါကတော့….
ပလတ်စတစ်လေမှုတ် အရုပ်မလေးတွေဘဲ……။


+ ကလေးတွေဆော့ကစားကြတဲ့
လေမှုတ်အရုပ်တွေနဲ့မတူဘဲ ထူးခြားတာကတော့၊
အဲ့ဒီလေမှုတ်အရုပ်တွေဟာ
လေအပြည့်မှုတ်ပြီးရင်
အရွယ်ရောက် မိန်းမပျိုတယောက်မှာ ရှိသင့် ပါသင့်တဲ့
ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ
ဖွံ့ဖွံ့ဖြိုးဖြိုး အားလုံးပေါ်လာတယ်……။
ပိုပြီးထူးခြားတာကတော့
ကိုင်ပြီးညစ်လိုက်ရင်
တရုပ်လို ကွိကွိကွကွ အသံညှင်းညှင်းတွေ
ထွက်လာတာပါဘဲ…..။
ဘယ်နေရာကိုကိုင်ညှစ်ရင်
ဘာအဓိပ္ပါယ်ရှိတဲ့ ဘယ်လိုအသံတွေ
ထွက်တယ် ဆိုတာကတော့
မေးမကြည့်ရသေးဘူး။

+ ဒါထက်ပိုပြီးထူးခြားတာကတော့
ဗိုက်ပေါ်မှာ “အသုံးမပြုခင် AIDS ကာကွယ်ဆေးရည်
ထည့်ဘို့ မမေ့ပါနဲ့ ”ဆိုတဲ့
တရုပ်လိုစာသားတွေဘဲ……။
အင်္ဂလိပ်လိုပါတဲ့ စာလုံးတလုံးကတော့
Microbicides ဆိုလားဘဲ…..။
ကျန်တာအသေးစိပ်တွေကိုတော့
တွေးပြီးကြည့်ကြပေါ့……။

+ လေမှုတ်ပြီးသား
ကော့ကော်ကန်ကား
အရုပ်မလေးတွေရှေ့ချပြီး
နအဖ စီးပွားကူးသန်းဝန်ကြီး ဗမချုပ် တင်နိုင်သိန်းဟာ
ရွေးကောက်ပွဲကို ဘယ်လိုရှောင်ရမလဲတွေးပြီး
သူ့တပည့် ညွှန်မှူး ဗမကြီး လှမော်ဦး
(ငယ်နံမည် ဂျယ်ရီဖိုးထောင်)ကို
ဘယ်လိုလဲ???မကောင်းဘူးမဟုတ်လား????
ဆိုတဲ့သဘောနဲ့ မေးငေါ့ခေါင်းခါပြတယ်…..။
လှမော်ဦး ခေါ် ဂျယ်ရီဖိုးထောင် က
ရီကြဲကြဲနဲ့ သွားကြီးဖြဲပြီး
“ဈေးသင့်ပါတယ် ဗိုလ်ချုပ်….”လို့
မိုင်းထိထားဘူးလို့ မြက်နေတဲ့
သူ့ခြေထောက်ကို နှံ့ပြီးပြန်ပြောတယ်…..။
“ ဟေ့ကောင် ဖိုးထောင်…..AIDS ကာကွယ်ဆေးရည်တွေ
ပါမလာဘူးလေကွာ…….”ဆိုတော့၊
“ပလတ်စတစ် PVC အနုစားတွေဘဲ
ရေဆေးလိုက်ရင် ပြောင်ပါတယ်…ဗိုလ်ချုပ်…” တဲ့။
“ကျွန်တော်တို့ တပ်မတော်ဟာလဲ
အကုန် AIDS တွေဘဲဥစ္စာ ” လို့
အငေါ်တူးလိုက်သေးတယ်…..။
“ ငါ……ဘာ AIDS လဲ ”လို့ DSA ဆင်း တင်နိုင်သိန်းက
ငါနဲ့ကိုင်တုပ်၊ မသိဟန်ဆောင် ပြန်မေးတော့၊
“ A က Army, I က Infantry, DS က Defence Services လေ
1963 ကတည်းက ကိုယ်ခံအားအဆင့်ဆင့်
ကျဆင်းခဲ့တဲ့ တပ်မတော် ပါဘဲ” တဲ့။

+ ပလတ်စတစ်လေမှုတ် အရုပ်မလေးတွေ အစုံ ၆-သိန်း
အမှာစာတင်ဖို့ တင်နိုင်သိန်းနဲ့ လှမော်ဦးတို့
ကြိတ်ပြီးဆုံးဖြတ်လိုက်ကြတယ်…..။
လှမော်ဦး စိတ်ထဲမှာတော့
သူအဖေဖက်က ကရင်အမျိုးတွေ(ကရင်မလေးတွေ)ကိုဘဲ
ကယ်တင်လိုက်နိုင်သလိုလို ခံစားမိမလားဘဲ….။

+ RIT မှာ ခဏတက်ပြီး
အချစ်ရေး မပြေလည်လို့ DSA ကိုပြောင်း
ရိုးသားကြိုးစားမိလို့ ကံမကောင်းစွာ
ဗိုလ်ချုပ်ဖြစ်နေတဲ့ တင်နိုင်သိန်းကတော့၊
RIT စိတ်ဓာတ်ရှိနေတုံးဘဲ….။
တရုပ်ပြည်က လေမှုတ်အရုပ်မ စက်ရုံပါဝယ်ဘို့
သူစိတ်ကူးနေတယ်…..။
ဒီလိုစက်ရုံဝယ်ခဲ့ရင် မယ်တော်ကြီးကြိုင်ကြိုင်နဲ့
ဗခ ကတော်မတွေအုပ်စု
ကန့်ကွက်ကြမလား?????ထောက်ခံကြမလား?????
ဆိုတာလဲ သူချိန်ဆနေတယ်…..။
ကမ္ဘာ့အကောင်းဆုံး AIDS ကာကွယ်မှုဆု
ရခဲ့ရင်လဲ အခက်ဘဲလို့ သူတွေးလိုက်မိတယ်….။

+ နောက်ပြီး ဘန်ကီမွန်းနဲ့ အများက စွပ်စွဲနေသလို
နအဖ ဟာ အသံတိတ်စစ်ပွဲ မဆင်နွှဲပါဘူး၊
အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့
စစ်လက်နက်သဖွယ် အသုံးပြုနေမှု မရှိပါဘူး….၊
နအဖ စစ်သားမှန်သမျှ ကလေးစစ်သားပါမကျန်
တရုပ်လုပ် ပလတ်စတစ်လေမှုတ်အရုပ်မ
အနည်းဆုံး ၃-စုံ ကျောပိုးအိတ် အစုပ်ထဲမှာရှိပါတယ်….၊
UN စစ်သားတွေကိုလဲ ဒီလို
တရုပ်လုပ် ပလတ်စတစ်လေမှုတ်အရုပ်မတွေ
အနည်းဆုံး ၃-စုံစီ ပေးထားသင့်ပါတယ်လို့
(ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲ၊ လို့ ပုတီးစိပ်ရင်း)
သူ့စိတ်ကူးနဲ့ သူနဲ့ စကားတွေအပြန်အလှန်ပြောနေမိတယ်….။

+ နောက်….လှမော်ဦး လှမ်းပေးတဲ့
တရုပ်လုပ် မီးခိုးမထွက် နီကိုတင်းမပါ
စီးကရက် တလိပ်ကို မီးညှိ……
(ဟဲဟဲ….ဘွာဘွာ….မှားလို့…..မှားလို့…..၊)
ပြင်ပက မီးညှိစရာမလိုတဲ့ စီးကရက်ကို ခလုတ်နှိပ်
အော်တို မီးညှိ၊ အားပါးတရ ဖွာရှိုက်ရင်း
စီးကရက် အချောင်းထဲက
အမျိုးမျိုးပြောင်းနေတဲ့ အရောင်စုံတွေနဲ့
အသံစုံတွေကို ကြည့်ရှု့ငေးမော တွေးတောနေမိတယ်….။
“ ငါ ရွေးကောက်ပွဲ မ၀င်ဖြစ်အောင်
Force to retire အဖြစ်ခံလိုက်ရရင် ကောင်းမလား????”
“ ငါ့ဆရာ ဗမချုပ်ဟောင်း အေဘယ် ဆီ သွားလည်သင့်ရဲ့လား ???”
“ ငါတို့တပ်မတော်ကြီးဟာ
လူသားစင်စစ် အမျိုးကောင်းသမီးတို့နဲ့မတန်
ပလတ်စတစ် လေမှုတ်အရုပ်မတွေနဲ့ဘဲ တန်တော့တဲ့
မဟုတ်တယုတ် တရုပ်အရုပ်
အဟုတ်အယုတ် တပ်မတော်ကြီး ဖြစ်နေပါပေါ့လား….”
စတာတွေတွေးပြီး……..။

+ ဟေ့! လှမော်ဦး ငါ့အတွက် ၃-ရုပ်ချန်ခဲ့၊
ကျန်တာတွေ မင်းပြန်ယူသွား” ဆိုတော့…..၊
“ဟုတ်! လေးစားပါတယ် ဗိုလ်ချုပ်! ” လို့
လှမော်ဦး ခေါ် ဂျယ်ရီဖိုးထောင် က
ရီကြဲကြဲနဲ့ အလေးပြုပြီး
တရုပ်လုပ် ပလတ်စတစ်လေမှုတ်အရုပ်မလေးတွေ
ပုခုံးပေါ်ခွထမ်းပြီး၊ ထော့နဲ့ထော့နဲ့ ဆာဆာ ဆာဆာနဲ့
ဝန်ကြီးရုံးခန်းက ထွက်သွားလေရဲ့……..။ ။

(မှတ်ချက်။ ။ 1970-71, RIT မှာခဏရင်းနှီးခဲ့ကြဘူးတဲ့ တင်နိုင်သိန်း နဲ့ ဦးလေးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း စပ်စုလေးကို တင်နိုင်သိန်းနဲ့တွေ့ခွင့်မရအောင် တားဆီးခဲ့ဘူးတဲ့ တူဖြစ်သူ လှမော်ဦး(ဂျယ်ရီဖိုးထောင်) တို့ကို ပျော်စေပျက်စေ ကလိခြင်းဖြစ်ပါသည်။ ကလိချက် လက်တွေ့သွားသဖြင့် မိတ်ဆွေကြီး တင်နိုင်သိန်း ရွေးကောက်ပွဲ မ၀င်ဖြစ် (သို့) ရှုံးနိမ့်သွားမည်ဆိုပါက ကျွန်တော် လန်ထောင်စပ်စုလေးကြောင့် မဟုတ်ရပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။)

လန်ထောင်စပ်စုလေး(၁၇-၄-၂၀၁၀)

No comments:

Post a Comment